Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 24 — Surah At-Tawbah 9:24
ဟောကြားလော့။ “အကယ်၍ သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၊ သားမြေးများ၊ ညီအစ်ကိမောင်နှမများ၊ ဘဝကြင်ဖော်များ၊ ဆွေမျိုးသားချင်းများ၊ သင်တို့ရှာဖွေဆည်းပူးစုဆောင်းထားသော ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ၊ ဆုတ်ယုတ်ကျဆင်းမည်ကို စိုးရိမ်ကြောင့်ကြနေရသည့် သင်တို့၏ကုန်စည်ကူးသန်းရောင်းဝယ်မှုများနှင့်သင်တို့၏ အထူးနှစ်ထောင်းအားရသော အိမ်ယာတိုက်တာဂေဟာများသည် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်၊ အရှင့် ရစူလ်တမန်တော်နှင့် အရှင့်လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားခြင်းတို့အတွက် ချစ်ခင်နှစ်သက်မြတ် နိုးတွယ်တာဖွယ်ရာအဖြစ် မှတ်ယူကြလျှင် (အရှင့်အမိန့်ပညတ်ချက်များအား ဦးစားပေး မလုပ်ဆောင်သည့်အတွက် အရေးယူမှုဆိုင်ရာ) စီမံချက်အမိန့်တော်များကို အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးတော်မူသည် အထိ စောင့်ဆိုင်းနေကြလော့။ အမှန်မှာ အလ္လာဟ်အ ရှင်မြတ်သည် အရှင့်အမိန့်ပညတ်ချက်များကို အာခံဖီဆန်သော (ကောက်ကျစ်ယုတ်မာသည့်) လူမျိုးအား လမ်းမှန်ညွှန်ပြတော်မူမည် မဟုတ်ချေ။”