Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 25 — Surah At-Tawbah 9:25
ဧကန်ပင်၊ (အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မြောက်များစွာသော စစ်မြေပြင် (နေရာဒေသ) များနှင့် ဟူနိုင်န် (တောင်ကြားစစ်ပွဲဖြစ်ပွားသည့်) နေ့တို့တွင် မုချ ကူညီစောင်မတော်မူခဲ့ပြီ ဖြစ်၏။ ထိုဟူနိုင်န်နေ့တွင် သင်တို့သည် (စစ်အင်အားများပြားလှသည်ကို အကြောင်းပြု၍) ကျေနပ်အားရဖြစ်နေကြစဉ် (သင်တို့ကိုယ်သင်တို့ အထင်ကြီးမှုကြောင့်) သင်တို့၏အင်အားသည် သင်တို့အတွက် မည်သို့မျှ အသုံးမဝင်ခဲ့သည့်အပြင် ကျယ်ပြောလှသော မြေကမ္ဘာသည်လည်း သင်တို့အတွက် ကျဉ်းမြောင်းသွားခဲ့သောကြောင့် သင်တို့သည် ကျောခိုင်း၍ ဆုတ်ခွာထွက်ပြေး ခဲ့ကြရလေ၏။