Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 28 — Surah At-Tawbah 9:28

အို၊ ယုံကြည်သူအပေါင်းတို့၊ ဧကန်ပင်၊ အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသော သူတို့သည် (အတွေးအခေါ် အယူအဆနှင့်ယုံကြည်မှုဆိုင်ရာ) မသန့်ရှင်းသောကြောင့် ဤနှစ်ကုန်ဆုံးပြီးနောက် တွင် သူတို့အား အထွတ်အမြတ်ဆုံး ဗလီဝတ်ကျောင်းတော်သို့ ချဉ်းကပ်ခွင့် မပေးကြလေနှင့်။ အကယ်၍ အသင်တို့က (ထိုမသန့်ရှင်းသော သူတို့အား မက္ကာသို့ လာရောက်ခွင့် ပိတ်ခြင်းကြောင့် စီးပွားရေးကျဆင်းပြီး) ဆင်းရဲနွမ်းပါးမှု (နှင့်ကြုံတွေ့ရမည်ကို) စိုးရိမ်ကြောင့်ကြကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော် နှင့်အညီ အရှင့်ရက်ရောသော ကျေးဇူးတော်များမှ သင်တို့အား (သင်တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူလျက်) ကြွယ်ဝပြည့်စုံစေတော်မူမည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏လိုအပ်ချက် အလုံးစုံကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။