Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 29 — Surah At-Tawbah 9:29

အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို မယုံကြည်ကြရုံသာမက အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့က တရားမဝင်အဖြစ် ပြဋ္ဌာန်းထားသော အရာများကိုလည်း တရားမဝင် အဖြစ် မှတ်ယူကြသည့်သူများနှင့်ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များအနက်မှ အမှန်တရားသစ္စာ ပေါ်အခြေခံသည့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ယုံကြည်လက်ခံ၍ လိုက်နာကျင့်သုံးခြင်း မရှိကြသူတို့အား သူတို့သည် လက်အောက်ငယ်သားများ ဖြစ်ကြသောကြောင့် (နိုင်ငံတော်အား) သူတို့၏လုံခြုံမှုကို တာဝန်ယူခြင်းနှင့်စစ်မှုထမ်းခြင်းမှ ကင်း လွတ်ခွင့်ပေးခြင်းအတွက်) ဂျဇီယာမည်သော အခွန်ကောက်ကို သူတို့၏စိတ်ဆန္ဒအလျောက် ကြည်ဖြူစွာ မပေး ဆောင်သမျှကာလပတ်လုံး သူတို့ကို တိုက်ခိုက်ကြလော့။