Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 3 — Surah At-Tawbah 9:3

အဓိကကျပြီး ကြီးမားသော ဟဂျ်ဝတ်ပြုမှုကျင်းပသည့် ညီလာခံအခမ်းအနားအခါသမယတွင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံမှ လူသားအားလုံးထံသို့ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာ (ရုပ်တု) များကို ကိုးကွယ်ကြသော သူတို့နှင့်စပ်လျဉ်း၍ (သူတို့ ၏သစ္စာဖောက်မှုကြောင့်) တာဝန်ကင်းကြောင်းကို ကြေညာချက် ထုတ်ပြန်တော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် ရန်လိုမုန်းတီးမှုကိုစွန့်၍ နောင်တဖြင့် တရားလမ်းမှန်ဘက်သို့ လှည့်လာကြလျှင် ယင်းသည် သင်တို့ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သင်တို့ ကျောခိုင်းသွားကြလျှင် သင်တို့သည် (အရှင့် ဆန္ဒတော်အရ အရှင့်တန်ခိုးတော်ဖြင့် အရေးယူတော်မူခြင်းမှ ကင်းလွတ်နိုင်အောင်) အလ္လာဟ်အရှင်မြတ်အား စွမ်း ဆောင်မှုကင်းမဲ့စေနိုင်မည်မဟုတ်ကြောင်းကို နှလုံးသွင်းသိမှတ်ကြလော့။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အတွက် အလွန် ပြင်းထန်စူးနစ်သော ပြစ်ဒဏ်ရှိကြောင်း သတင်းကောင်း ပါးလော့။