Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 30 — Surah At-Tawbah 9:30

(အသင်တမန်တော်ထံလာရောက်ကြသည့်) ဂျူးတို့က “အုဇိုင်ရ်သည် အလ္လာဟ်အရှင်မြတ်၏သားတော် ဖြစ်၏။”ဟူ၍လည်းကောင်း၊ ခရစ်ယာန်တို့က “မစီးဟ် (တမန်တော်အီစာ) သည် အလ္လာဟ်အရှင်မြတ်၏သားတော် ဖြစ်၏။” ဟူ၍လည်းကောင်း ပြောဆိုခဲ့ကြသည်။ သူတို့က ထိုသို့ပြောဆိုကြခြင်းသည် သူတို့၏နှုတ်လျှာများဖြင့် သူတို့ပြောလိုရာကို ကြံစည်ဖန်တီး၍ ပြောကြခြင်းသာ ဖြစ်ပြီး သူတို့မတိုင်မီက ရှိခဲ့ကြသော မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏အဆိုအမိန့်များကိုတုပ၍ ပြောဆိုနေကြခြင်းသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား တော်လှန်ဖျက်ဆီးစေတော်မူပါစေ။ သူတို့သည် (အမှန်တရားကို ကျောခိုင်း၍ လမ်းမှားကို အခိုင်အမာ ကြံစည်ဖန်းတီးခြင်းဖြင့်) မည်သို့ လှည့်စားခြင်းခံကြရစေမည်နည်း။