Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 31 — Surah At-Tawbah 9:31

(ဂျူးတို့က) သူတို့၏ရဗ္ဗီခေါ် ဓမ္မဆရာတို့ကိုလည်းကောင်း၊ (ခရစ်ယာန်တို့က) သူတို့၏ဘုန်းကြီးများနှင့် မရ်ယမ်၏သား မစီးဟ် (ခရစ်တော်) ကိုလည်းကောင်း (အရှင်မြတ်၏အမိန့်ပညတ်ချက်များကို ဆန့် ကျင်၍ ဓမ္မဆရာများနှင့်ဘုန်းကြီးတို့က တရားဝင်သည် သို့မဟုတ် တရားမဝင်ကြောင်းကို ဆုံးဖြတ်သတ်မှတ်သည့် အတိုင်း နာခံလိုက်နာလျက်) အလ္လာဟ်အရှင်မြတ်ကို စွန့်၍ (ဓမ္မဆရာများ၊ ဘုန်းကြီးများနှင့်တမန်တော်အီစာတို့ အား) သူတို့၏အရှင်သခင်များအဖြစ် ယုံကြည်ကိုးကွယ်နေကြ၏။ အမှန်စင်စစ်သော်ကား (အရှင်မြတ်ထံတော်မှ) သူတို့အား “တစ်ဆူတည်းသော အရှင်မြတ်ကိုသာ နာခံကိုးကွယ်ရမည်ဖြစ်ကြောင်း၊ ထိုအရှင်မြတ်မှအပ အခြား မည်သည့် ပူဇော်ပသ ရှိခိုးကန်တော့ ဆည်းကပ်ကိုးကွယ်ထိုက်သော အရာဟူ၍ အလျှင်း မရှိကြောင်းနှင့်ထိုအရှင် မြတ်သည် (သူတို့ကိုယ်ကြံစည်ဖန်တီးလျက် အရှင်မြတ်နှင့်) တွဲဖက်တုပြိုင်၍ နာခံကိုးကွယ်နေကြသော အရာဟူသမျှမှ လုံးဝ သန့်ရှင်းစင်ကြယ် (ပြီး ကိုးကွယ်ထိုက်သော နားမတော်၊ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူ) ကြောင်း” တို့ကိုသာ အမိန့်ပေး လမ်းညွှန်တော်မူခြင်း ခံကြရ၏။