Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 32 — Surah At-Tawbah 9:32
သူတို့သည် (ဉာဏ်ဆင်မှု၊ ကြံစည်မှု၊ စီမံချက်သစ်တို့နှင့် ခေတ်မီနည်းစနစ်များကို အသုံးပြု၍) အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်တော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်နှင့်အသက်ရှင်ရပ်တည်ရေး အ တွက် မရှိမ ဖြစ်လိုအပ်သော အစ္စလာမ်) ကို သူတို့၏ပါးစပ် (မီဒီယာ) များဖြင့် ချုပ်ငြိမ်းပျောက်ကွယ်စေရန် ရှာကြံလိုလား နေကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (သူတို့၏ကြံစည်မှု၊ စွပ်စွဲမှုနှင့်ဝါဒဖြန့်မှုတို့ကို) ငြင်းပယ်တော်မူလျက် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က မလိုမုန်းထားဖြစ်သော်ငြားလည်း အရှင့်ရောင် ခြည်တော်ကို ပြည့်ဝစုံလင်စွာ တောက်ပစေတော်မူရန်သာ အတည်ပြုတော်မူ၏။