Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 34 — Surah At-Tawbah 9:34

အို၊ ယုံကြည်သူအပေါင်းတို့၊ ဧကန်ပင်၊ ရဗ္ဗီခေါ်ဓမ္မဆရာများနှင့်ဘုန်းကြီးများအနက်မှ များစွာသော သူတို့သည် လူတို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများကို မတရားသော နည်းလမ်းများဖြင့် မုချပင် စားသုံးကြ (ရန်၊ လောကီဂုဏ်ပကာသနနှင့်စည်းစိမ်ချမ်းသာကို ရယူကြရန်အတွက် ကျမ်းစာပါ အချက်အလက်များကို သူတို့၏စိတ်အလိုကျ ပြောင်းလဲပစ်ကြ) ပြီး လူတို့အား အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ ပိတ်ပင်တားဆီးနေကြ၏။ ထိုသူတို့သည် ရွှေ၊ ငွေ (ရတနာပစ္စည်း) များကို (တွန့်တိုလျက်) စုဆောင်းသိုလှောင်ထားကြပြီး ယင်းတို့ကို အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ ပေးကမ်းသုံးစွဲကြသည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သူတို့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကိုခံကြရမည့်အကြောင်း သတင်းကောင်းပါးလော့။