Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 35 — Surah At-Tawbah 9:35
ထိုရွှေငွေ (ရတနာ) များကို ငရဲဘုံ၏မီးထဲ၌ ထည့်၍ အပူပေးရှို့မြိုက်ခြင်းခံရမည့်နေ့တွင် ယင်း (ရှို့မြိုက်ခြင်း ခံရသော ရွှေငွေရတနာများ) ဖြင့် သူတို့၏ နဖူးများ၊ နံဘေးများနှင့်ကျောကုန်းများကို အမှတ်တံဆိပ် ခတ်နှိပ်စေတော်မူလိမ့်မည်။ “ဤသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့်စည်းမျဉ်းတော်နှင့် အညီ အသုံးမချဘဲ သူတို့၏စိတ်အလိုဆန္ဒအတိုင်း အသုံးချလျက် စု ဆောင်းသိုလှောင်ထားသော အရာများဖြစ်သည့်အတွက် သင်တို့စုဆောင်းသိုလှောင်ထားခဲ့သမျှနှင့်အညီ (အပူပေးထားသော သင်တို့၏ရတနာဖြင့် ဒဏ်ခတ်အရေးယူခြင်းကိုလည်း) မြည်းစမ်းကြလော့။”