Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 36 — Surah At-Tawbah 9:36

မုချဧကန်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အား ဖွဲ့စည်းဖြစ်ပေါ်စေတော်မူခဲ့သည့် နေ့ရက်အချိန်ကာလ မှစ၍ (ယနေ့မျက်မှောက်ကာလအထိ) အလ္လာဟ်အရှင်မြတ်အမြင်တော်တွင် (တစ်နှစ်တွင်ရှိသည့်) လများ၏အရေအတွက်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ ပြဋ္ဌာန်းသတ်မှတ်ထားသည့် မှတ်တမ်း၌ ဆယ့်နှစ်လဖြစ်ပြီး ယင်းတို့အနက်မှ လေးလသည် (စစ်မတိုက်ရန် တားမြစ်ထားသည့်) ထူးမြတ် သောလများပင် ဖြစ်၏။ ထိုသို့ပင် (စကြဝဠာကြီး၏လည်ပတ်လှုပ်ရှားမှုများနှင့်လူ့ဘဝဖြစ်စဉ်များကိုလည်း အရှင့်နိယာမနှင့်စီမံချက်ဖြင့် ပြဋ္ဌာန်း သတ်မှတ်ထားတော်မူပြီး) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့်ဘဝ တည် ဆောက်ရေးလမ်းစဉ်) သည်လည်း ဖြောင့်မတ်တည်ကြည်၍ အစဉ် တည်တံ့မည့် လမ်းစဉ်တော်ဖြစ်၏။ သို့ဖြစ်ပေရာ ထိုလများတွင် အသင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုဆန္ဒနှင့်အညီ အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် မပြုလုပ်ကြလေနှင့်။ အရှင် မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို နာခံကိုးကွယ်ကြသူတို့ အားလုံး စုစည်း၍ သင်တို့အား အလုံးအရင်းဖြင့် တိုက်ခိုက်ကြသကဲ့သို့ သင်တို့အားလုံးလည်း တစ်ညီလက်ညီ အလုံးအရင်းဖြင့် (ခုခံ) တိုက်ခိုက်ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့နှင့်အတူရှိတော်မူကြောင်း နှလုံးသွင်းသိမှတ်ကြလော့။