Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 37 — Surah At-Tawbah 9:37
(ထူးမြတ်သောလများတွင် စစ်တိုက်ခြင်းအား တရားဝင် ဖြစ်စေရန်နှင့်ဟဂျ်ဝတ်ပြုစဉ်ကာလကို သူတို့အလိုရှိ သည့်လတွင် ဖြစ်စေရန်အတွက် ထူးမြတ်သောလကို ပြောင်းလဲသတ်မှတ်၍) ရွှေ့ဆိုင်းခြင်းသည် မုချပင် မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှုတို့) ၌ (တရားမဝင်သော ကိစ္စရပ်များကို တရားဝင်အဖြစ်လည်းကောင်း၊ ထူးမြတ်သောလများတွင် မပြုလုပ်ရန် တားမြစ်ထားသည်များကို သူတို့၏အလို ကျပြုလုပ်ရန်လည်းကောင်း၊ အရှင့်အမိန့်ဥပဒေများကို လျစ်လျူရှုသည့် လုပ်ရပ်များအား) တိုးပွားစေခြင်းသာ ဖြစ်၏။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ သည် (ပိုမို၍ပင်) လမ်းမှားသို့ ရောက်စေပြီး အလ္လာဟ်အရှင်မြတ်က ထူးမြတ်သောလ (တိုက်ခိုက်မှုတားမြစ်ခံရသောလ) များ၏အရေအတွက် နှင့်အလ္လာဟ်အရှင်မြတ်က တရားမဝင်ဟု တားမြစ်တော်မူသည့်အရာများကို တရားဝင်အဖြစ် (အလွယ်တကူ) ပြင်ဆင်ချိန် ညှိနှိုင်းရန်အလို့ငှာ ယင်း (ထူးမြတ်သောလများ၌ တားမြစ်ထားသောအရာများ) ကို နှစ်တစ်နှစ်တွင် တရားဝင်ဖြစ်စေကြောင်း) ကြေညာ၍ နောက်တစ်နှစ်တွင်မူ တရားမဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ကြ၏။ (တစ်နည်းအားဖြင့်) စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မကောင်းမှုအကုသိုလ်များကို သူတို့အတွက် (ဆွဲဆောင်ဖွယ်ကောင်းသော) သူတို့၏ပြုမူကျင့်ကြံမှုများအဖြစ် အလှတန်ဆာဆင်ခြင်းသာဖြစ်၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ဖီဆန်ငြင်းပယ်သော) လူမျိုးတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ချေ။