Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 38 — Surah At-Tawbah 9:38

အို၊ ယုံကြည်သူအပေါင်းတို့၊ (တဗူခ်စစ်ဆင်ရေးအတွက် “အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ စစ်ရေး အတွက် ထွက်လာကြလော့။” ဟု သင်တို့အား ဆော်ဩခြင်းခံရသောအခါ (လောကီစည်းစိမ်များရှိနေသည့်) မြေကမ္ဘာဘက်သို့ (ယိမ်းယိုင်တွယ်ကပ်လျက်) မည်သည့် (ဆင်ခြေ) အတွက်ကြောင့် (စစ်မထွက်ဘဲ) လေးလံစွာ ထိုင်နေကြသနည်း။ သင်တို့သည် နောင်တမလွန်ဘဝထက် လောကီဘဝသက်တမ်းဖြင့်သာ အားရကျေနပ်စွာ တင်းတိမ်ရောင့်ရဲနေကြသလော။ အမှန်မှာ နောင်တမလွန်ဘဝနှင့်နှိုင်းယှဉ်လျှင် လောကီဘဝသက်တမ်း၏ (စည်း စိမ်ချမ်းသာနှင့် ပျော်ရွှင်ကြည်နူးမှုဆိုင်ရာ) ခံစားပိုင်ခွင့်များသည် (မပြောပလောက်အောင်) အနည်းငယ်မျှသာ ဖြစ်ချေ၏။