Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 40 — Surah At-Tawbah 9:40

အသင်တို့သည် ထိုတမန်တော်မြတ်အား မကူညီခဲ့ကြသော်လည်း မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်း ပယ်သူ) တို့က သူ့အား (နေရပ်စွန့်၍ ရွှေ့ပြောင်းသွားစေရန် သူ့ဇာတိမြို့မှ) နှင်ထုတ်ခဲ့ကြ၍ သူတို့နှစ်ဦး ဂူထဲ၌ ရှိခဲ့ကြစဉ် (ပထမပုဂ္ဂိုလ်ဖြစ်သော အဘူဘကရ်က သူတို့အား ခြေရာခံ၍ လိုက်လာခဲ့ကြသော ရန်သူများ ဂူဝသို့ ရောက်သည်ကိုမြင်သော် စိုးရိမ်ပူပင်နေစဉ် တမန်တော်မှာ) ဒုတိယပုဂ္ဂိုလ်ဖြစ်၍ ထိုတမန်တော်က သူ၏မိတ် ဆွေတော် (အဖော်) အား “မစိုးရိမ်၊ မပူပင်လေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူ၏။” ဟု (စိုးရိမ်သောက လုံးဝ ကင်းပြီး အရှင်မြတ်အပေါ် ပကတိယုံကြည်အားကိုးလျက်) ပြောခဲ့စဉ် အလ္လာဟ်အရှင်မြတ်က သူ့ကို ကူညီတော်မူခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ့အပေါ်တွင် (အရှင့် လက်ဆောင်တော်အဖြစ် အတွင်းအဇ္ဈတ္တ) စိတ်တည်ငြိမ်အေးချမ်းမှု ချမှတ်ပေးအပ်တော်မူ၍ သင်တို့ မမြင်နိုင်သော စစ်တပ်ကြီးဖြင့် ထောက်ပံ့လျှက် သူ့ကို အားဖြည့်ပေးတော်မူ၏။ ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ပြောဆိုချက်များကို အနိမ့်ကျဆုံး ဖြစ်စေတော်မူပြီး အလ္လာဟ်အရှင်မြတ်၏ဗျာဒိတ်တော်ကို အမြင့်မြတ်ဆုံး ဖြစ်စေတော်မူခဲ့၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်သိက္ခာ များချီးမြှင့်တော်မူသည့်အရှင် ဖြစ်တော်မူသည့်အလျှောက်) ဘုန်းတန်ခိုးကြီးမားသော ဘုန်းတော်ရှင် (စီရင်ဆုံးဖြတ်ရာတွင်) နက်နဲသိမ်မွေ့သော အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။