Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 41 — Surah At-Tawbah 9:41
သင်တို့သည် (လက်နက်အင်အားအပြည့်အစုံဖြင့် လွယ်ကူ) ပေါ့ပါးစွာဖြစ်စေ၊ (စစ်ရေးအတွက် လက်နက်အင်အား မလုံလောက် မလောက်ငှဖြင့် ခက်ခဲ) လေးလံစွာဖြစ်စေ (စစ်ရေးအတွက် စည်းရုံးဆော်ဩလျှင် အသင့် ပြင်ဆင်၍) ထွက်ခွါကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်လမ်းစဉ်တော်၌ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်)၊ နှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် စွမ်းစွမ်းတမံ ရုန်း ကန်လှုပ်ရှားကြလော့။ အကယ်၍ သင်တို့သိနားလည်ကြလျှင် သင်တို့၏ထိုသို့သော ရုန်းကန်လှုပ်ရှားမှုများသည် သင်တို့အတွက် အကောင်းမြတ်ဆုံးပင် ဖြစ်၏။