Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 42 — Surah At-Tawbah 9:42

(စစ်ရေးအတွက် စည်းရုံးဆော်ဩခြင်းခံရပါလျက် စစ်မထွက်ဘဲ ကြောင်သူတော်ဆန်ဆန် ကျန်ရစ်ခဲ့ကြသူ တို့သည်) အကယ်၍ ချက်ချင်းလက်ငင်းရမည့် အကျိုးအမြတ်နှင့်အလွန် နီးစပ်လွယ်ကူသော ခရီးစဉ်ဖြစ်ခဲ့လျှင် သူတို့ အသင် (တမန်တော်) ၏နောက်သို့ လိုက်လာခဲ့လိမ့်မည်။ သို့သော် (ခရီးစဉ်ကာလရှည်ပြီး နွေရာသီဖြစ်နေ သောကြောင့်) သူတို့အတွက် အလွန်ခက်ခဲပြီး ဝေးကွာလွန်းသည်ဟု ခံစားခဲ့ကြ၏။ (ထိုသို့ဖြင့် အမိန့်တော်အား သူတို့ကိုယ်တိုင် လျစ်လျူရှုခဲ့ပါလျက်) မကြာမီ သူတို့ကအလ္လာဟ်အရှင်မြတ်နှင့်တိုင်တည်၍ “အကယ်၍ ကျွန်ုပ်တို့ (ခရီးစဉ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန်) တတ် စွမ်းနိုင်ခဲ့ကြလျှင် သင်တို့နှင့်အတူ မုချပင် ထွက်ခဲ့ကြမည်။” ဟု ကျိန်ဆိုပြောကြလိမ့်မည်။ ဧကန်ပင်၊ သူတို့သည် (လိမ်လည်လှည့်စားလို၍ ကျိန်ဆိုကြလျက်) မုသားပြောဆိုကြသူများသာ ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့ သိနေတော်မူပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်နှင့်အညီ အသုံးချလျက် သူတို့ကိုယ်သူတို့ ဖျက်ဆီးဆုံးရှုံးစေ ခြင်းသာ ဖြစ်ကြ၏။