Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 44 — Surah At-Tawbah 9:44

အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို ယုံကြည်သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အ စွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားခြင်းမှ ကင်းလွတ်နိုင်ရန် အသင် (တမန်တော်) ထံ (မည်သည့်အခါမျှ ဆင်ခြေပေး၍) ကင်းလွတ်ခွင့် တောင်းကြလိမ့်မည် မဟုတ်ပေ။ စင် စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့် သုံးကြသူတို့ (၏ စိတ်နေသဘောထားနှင့်စရိုက်များ) နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။