Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 45 — Surah At-Tawbah 9:45

အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို မယုံကြည်ကြသူများသည်သာလျှင် အသင် (တမန်တော်) ထံ၌ (ဆင်ခြေပေး၍ စစ်တိုက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက်) ကင်းလွှတ်ခွင့် တောင်းကြလိမ့်မည်။ အမှန်မှာ သူတို့၏ စိတ်နှလုံးများတွင် (အစ္စလာမ်နှင့်စပ်လျဉ်း၍) ဒွိဟသံသယများရှိနေသောကြောင့် သူတို့သည် ထိုဒွိဟသံသယ၌ပင် ခွဲဝေမရဖြစ်လျက် တဝဲလည်လည် ယိမ်းယိုင်နေကြ၏။