Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 46 — Surah At-Tawbah 9:46

အကယ်၍ သူတို့သည် (နှိုးဆော်ခြင်းခံရသည့်အတိုင်း) စစ်ချီထွက်ခွာကြရန် ရည်ရွယ်ခဲ့ကြလျှင် စစ်ချီရန် အတွက် လိုအပ်သမျှပြင်ဆင်မှုများကို အမှန်ပင် အသင့်ပြင်ဆင်ထားကြလိမ့်မည်။ သို့ရာတွင် (သူတို့ သည် စိတ်ရင်းဖြူစင်စွာဖြင့် စစ်တိုက်လိုသော ဆန္ဒမရှိသောကြောင့်) အလ္လာဟ်အရှင်မြတ်သည် သူတို့စစ်မြေပြင်သို့ ရောက် ရှိခြင်းအား နှစ်မြို့တော်မမူ၍ “သင်တို့သည် (အိမ်မှာနေကြသည့် ဇနီးမယား၊ သက်ကြီးရွယ်အိုနှင့်အရွယ်မရောက်သေးသော သားသမီးစသော) ကျန်ရစ်နေကြသူတို့နှင့်အတူသာ နေထိုင်ကျန်ရစ်ကြလော့။”