Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 47 — Surah At-Tawbah 9:47
အကယ်၍ သူတို့သည် (သင်တို့နှင့်အတူ စစ်ထဲ၌ ပါဝင်ခဲ့ကြလျှင်လည်း သင်တို့ကြားတွင် (ဖရိုဖရဲ ဖြစ်စေသည့် ရှုပ်ထွေးမှုနှင့်) ပြဿနာများဖြစ်စေခြင်းမှအပ (အခြားမည်သည့် ကောင်းကျိုးကိုမျှ) သင်တို့အ တွက် တိုးပွားစေခဲ့ကြမည် မဟုတ်ချေ။ ထို့ပြင် သူတို့သည် သင်တို့ကြားတွင် သူတို့အတွက်နားစွင့်သူများတိုးပွားရန်နှင့် သင်တို့အတွက် (ပြင်းထန်သော သဘောထားကွဲလွဲမှုနှင့်နိုင်ငံတော်ကို ပုန်ကန်စေသည့်) အဖျက်အနှောင့် ဖြစ်ပေါ် စေရန်သာ ကြံစည်ကြိုးစားကြလျက် တက်တက်ကြွကြွ လူးလာပြန်ခတ် လှုပ်ရှားခဲ့ကြလိမ့်မည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် လုပ်ဆောင်ကြ သူတို့နှင့်စပ်လျဉ်း၍ (အသေးစိတ်အချက်အလက်များကို) အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။