Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 5 — Surah At-Tawbah 9:5
ထို့နောက် (စစ်မဖြစ်ရန်တားမြစ်ထားသော) အထွတ်အမြတ်ကာလအဖြစ်သတ်မှတ်ထားသည့် လများ (လေးလ) ကုန်ဆုံးသွားသောအခါ (စာချုပ်ချိုးဖောက်၍ သစ္စာဖောက်ကြသည့်) အရှင်မြတ်နှင့်တွဲဖက် အခြားသော ကိုးကွယ်ရာများကို ကိုးကွယ်ကြသော သူတို့အား (စစ်ကြေညာ၍) ထိပ်တိုက်တွေ့ဆုံသည့်နေရာတိုင်း၌ အပြန်အ လှန်တိုက်ခိုက်ကြလော့။ ဖမ်းဆီးကြလော့။ စစ်တပ်ဖြင့် ဝိုင်းထားကြလော့။ သူတို့ချုံခိုတိုက်ခိုက်ရန် ဝင်ရောက် လာနိုင်သည့် နေရာတိုင်းတွင် သူတို့ကို ဟန့်တားရန်အတွက် နေရာယူစောင့်ကြည့်ကြလော့။ သို့ရာတွင် အကယ်၍ သူတို့သည် (နောင်တသံဝေဂရလျက် သူတို့၏သဘောထားများကို ပြုပြင်ပြီးနောက် အမှန်တရားသစ္စာဘက်သို့) အမြင်မှန်ရလျက် လှည့်ကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည် ကြရုံသာမက ဇကာသ် (ခေါ်ချို့တဲ့ ဆင်းရဲသူတို့အတွက် တရားတော်အရစွန့်လှူရန် ညွှန်ကြားထားသည့် လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလျှင် (တရားတော်နှင့်မဆန့်ကျင်သည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသော) သူတို့၏လမ်းကို (လွတ်လပ်စွာ နာခံဘဝတည်ဆောက်နိုင်ရန်အလို့ငှာ) ဖွင့်ပေးကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆချိုးဖောက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။