Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 52 — Surah At-Tawbah 9:52

(အယောင်ဆောင်သီလကြောင်တော်တို့အား) ဟောကြားလော့။ “အသင်တို့သည် ကောင်းမြတ်သောအရာနှစ်ခု (စစ်နိုင်ခြင်းနှင့်အရှင့်လမ်းစဉ်တော်၌ အာဇာနည်အဖြစ် အသက်ပေးလှူခြင်းတို့) အနက် တစ်ခုကို ကျွန်ုပ်တို့အတွက် ဖြစ်စေခြင်းမှအပ (အခြားအရာကို) စောင့်မျှော်နေကြသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင် တို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က အရှင့်ထံတော်မှ ဒဏ်ခတ်အရေးယူတော်မူသည့်အနေဖြင့် သင်တို့အပေါ် ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်ရောက်စေတော်မူရန်ဖြစ်စေ၊ သို့တည်းမဟုတ် ကျွန်ုပ်တို့၏လက်များဖြင့် အရေး ယူစေတော်မူခြင်းကိုဖြစ်စေ၊ စောင့်မျှော်လျက် ရှိကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် (သင်တို့လုပ်ရပ်၏အကျိုး ဆက်အတွက်) စောင့်မျှော်နေကြလော့။ ကျွန်ုပ်တို့လည်း သင်တို့နှင့်အတူ စောင့်မျှော်လျက်ရှိကြ၏။”