Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 55 — Surah At-Tawbah 9:55

သို့ဖြစ်ပေရာ သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးများသည် သင့်အား သဘောကျ စွဲမက်စရာ မဖြစ်စေနှင့်။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့အားဖြင့် သူတို့အား ဤလောကီဘဝသက်တမ်း၌ပင် ဒဏ်ခတ်အရေးယူတော်မူရန် ရည်ရွယ်တော်မူပြီး သူတို့သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူများအဖြစ်ပင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင် ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (သူတို့ကိုယ်တိုင်ဖျက်ဆီးစေခြင်းဖြင့်) ဘဝကူးပြောင်းစေတော်မူမည်။