Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 59 — Surah At-Tawbah 9:59

အကယ်၍ သူတို့အား အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ပေးကမ်းသမျှဖြင့်သာ အမှန်ပင် သူတို့ရောင့်ရဲတင်းတိမ်လျက် “အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့သည် မကြာမီ ကျွန်ုပ်တို့အား အရှင့်ကျေးဇူးတော်မှ (ဂုဏ်သိက္ခာနှင့်လိုအပ် ချက်များကို) ချီးမြှင့်ပေးအပ်တော်မူပါလိမ့်မည်။ ဧကန်စင်စစ်၊ (ကျွန်ုပ်တို့သည် မည်သည့်အခွင့်အရေးနှင့်မကျေ နပ်မှုကိုမျှ ပဓါနမထားဘဲ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် မျှော်ကိုး၍) အလ္လာဟ်အရှင်မြတ်ဘက်သို့သာ လျှင် တိမ်းညွတ်လျက် အသနားခံ ပန်ကြားသူများပင် ဖြစ်ကြ၏။” ဟု ပြောဆိုခဲ့ကြလျှင် ကောင်းလေစွ။