Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 60 — Surah At-Tawbah 9:60
(ရုပ်နာမ်ဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအတွက်အရှင်မြတ်သတ်မှတ်ပြဋ္ဌာန်းထားသော ဇကားသ်) အလှူဒါနများသည် ဆင်းရဲချို့တဲ့သူများ၊ (လိုအပ်ချက်များရှိသော်ငြားလည်း ဂုဏ်သိက္ခာကြောင့် ထုတ်ဖော်ပြောလေ့မရှိသော) ခိုကိုးရာမဲ့များ၊ (အလှူဒါန၊ လူမှုရေး၊ အခွန်အခကောက်ခဲ့ခြင်းနှင့်အုပ်ချုပ်ရေးတို့တွင် စေတနာ့ဝန်ထမ်းအဖြစ် အလုပ်လုပ်နေကြသော) အမှုထမ်းများ၊ (အရှင့်လမ်းစဉ်တော်အတွက် အထောက် အကူပြရန်နှင့် ရန်လိုမုန်းတီးမှု တားဆီးကာကွယ်ရန် လူတို့၏နှလုံးသားကို အနိုင်ရစေမည့်) စိတ်နှလုံးသိမ်မွေ့စေရန် စည်းရုံးလေ့ကျင့်ပေးသူများ၊ (ကျွန်စနစ်၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းနှင့်မတရားအကျဉ်းချခံရခြင်းစသော) အချုပ်အနှောင် ဘဝမှ လွတ်မြောက် စေရေးတွင် သုံးစွဲရန်၊ (ရိုးသားဖြူစင်စွာ လုပ်ကိုင်စားသောက်ပါလျက်) ကြွေးတင်နေသော မြီစားများ၊ အလ္လာဟ်အရှင်၏လမ်းစဉ်တော်၌ သုံးစွဲရန်နှင့် (ဒုက္ခအ ခက်အခဲနှင့်ကြုံတွေ့နေရသော) ခရီးသည်များ အတွက်သာလျှင် ဖြစ်၏။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ တာဝန်အဖြစ် ပြဋ္ဌာန်းတော်မူသည့်ပညတ် တော်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏လိုအပ်ချက်များကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ပြဋ္ဌာန်းရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။