Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 61 — Surah At-Tawbah 9:61

သူတို့အနက်မှ နဗီတမန်တော်နှင့်ပတ်သက်၍ “သူသည် (လူတိုင်း၏စကားကို နားစိုက်ပြီးနောက် အလိုက်သင့် ပြောဆိုလျက် ယုံကြည်လာအောင် ဆွယ်နေသော) နားပါးသူ ဖြစ်သည်။” ဟု ပြောဆိုကြလျက် နဗီတမန်တော်အား စိတ်ထိခိုက်စေသူများလည်း ရှိ၏။ ဟောကြားလော့။ “သင်တို့အတွက် အကောင်းဆုံးဖြစ်စေရန်သာ နားစိုက်ခြင်း ဖြစ်၏။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၏။ စစ်မှန်သောယုံကြည်သူများကိုလည်း ယုံကြည်၏။ သင်တို့အနက်မှ ယုံကြည်သူတို့အတွက် ကရုဏာတရားလည်း ဖြစ်၏။” (သတိထားကြလော့) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်အား စိတ်ထိခိုက်စေသူတို့အတွက် ပြင်းပြနာ ကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်ရှိ၏။