Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 65 — Surah At-Tawbah 9:65

ထို့ပြင်၊ အကယ်၍ သင်သည် သူတို့အား (ထိုကဲ့ရဲ့လှောင်ပြောင်မှုနှင့်စပ်လျဉ်း၍) မေးမြန်းလျှင် “ကျွန်ုပ် တို့သည် အပျင်းပြေ နောက်ပြောင်ခြင်းနှင့်ကျီစယ်ခြင်းသာ ဖြစ်၏။” ဟု မုချ ပြောဆိုဖြေကြားလိမ့်မည်။ “သင်တို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင့်အာယာသ်သက်သေလက္ခဏာတော်၊ အရှင့်ရစူလ်တမန်တော်တို့နှင့်ပတ်သက် ၍ ကဲ့ရဲ့လှောင်ပြောင်နေကြသည် မဟုတ်လော။” ဟု မေးမြန်းလော့။