Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 67 — Surah At-Tawbah 9:67
အယောင်ဆောင်သီလကြောင်တို့သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ (အချင်းချင်း) တစ်မျိုးတစ်စားတည်းပင် ဖြစ်၏။ သူတို့သည် (စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဖီဆန်ငြင်းပယ်မှုနှင့်) မကောင်းမှု အကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအားမြှောက်ပြုလျက် အမိန့်ပေးညွှန်ကြားပြီး တရားတော်အညီ ပြုလုပ်သော ကောင်းမှုကုသိုလ်များမှ တားမြစ်ပိတ်ပင်ကြရုံမက သူတို့၏လက်များကိုလည်း (ကောင်းမှုကုသိုလ်လုပ်ခြင်းနှင့် အရှင့်လမ်းစဉ်တော်၌ ပေးကမ်းလှူဒါန်းခြင်းမှ) ချုပ်တည်းဆုပ်ထားကြလေ၏။ သူတို့သည် (ယုံကြည်မှုသစ္စာ တရား၊ ခဝပ်နာခံကိုးကွယ်မှုနှင့်အရှင့်လမ်းစဉ်တော်၌ အမှုထမ်းဆောင်ခြင်းတို့ကို လျစ်လျူရှုလျက်) အလ္လာဟ်အ ရှင်မြတ်ကို (သတိမမူဘဲ) ပေ့ပစ်ထားသောကြောင့် အလ္လာဟ်အရှင်မြတ်ကလည်း (ဆုလဒ်များ ချီးမြှင့်တော် မူခြင်းမှ) သူတို့ကို မေ့ပစ်ထားတော်မူ၏။ ဧကန်ပင်၊ အယောင်ဆောင်သီလကြောင်များသည် အရှင်မြတ်၏စည်း မျဉ်းတော်များကို အာခံဖီဆန်သူ (ယုတ်မာသူ) များပင် ဖြစ်ကြသည်။