Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 69 — Surah At-Tawbah 9:69

(အို၊ မယုံကြည်သူနှင့်သီလကြောင်အပေါင်းတို့) သင်တို့မတိုင်မီ သင်တို့ထက် အင်အားပို၍ သန်မာတောင့်တင်းသော၊ ဥစ္စာဓန၊ ပိုင်ဆိုင်မှုများနှင့်သားသမီး (အခြွေအရံ) များ ကြွယ်ဝပေါများသော၊ သူတို့၏ဝေစု ရပိုင်ခွင့်များဖြင့် စည်းစိမ်ခံစားခဲ့ကြသော ပုဂ္ဂိုလ်များရှိခဲ့ကြသကဲ့သို့ သင်တို့လည်း သင်တို့၏ဝေစု ရပိုင်ခွင့်များဖြင့် စည်းစိတ်ခံစားနေကြ၏။ သင်တို့မတိုင်မီ ရှိခဲ့ကြသူတို့က သူတို့၏ဝေစု ရပိုင်ခွင့်များဖြင့် (အချည်းနှီးဖြစ်သော လေလွင့်မှုများ၌ နစ်မွန်းလျက်) ဇိမ်ခံပျော်မွေ့ခဲ့ကြသကဲ့သို့ သင်တို့လည်း (အချည်းနှီးသော အပြောအဆိုနှင့်လေလွင့်မှု၌ စိတ်အလိုလိုက်လွန်းလျက်) နစ်မွန်းနေကြ၏။ ထိုသူတို့သည် (မယုံကြည်သူနှင့်သီလကြောင်သူများ ဖြစ်ကြပြီး) သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်မှုများကို ဤလောကီဘဝနှင့်နောင်တမလွန်ဘဝတို့၌ အချည်းနှီး အကျိုးမဲ့ ဖြစ်စေကြ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည်ပင် (လောကီလောကုတ္တရာ နှစ်ဌာနစလုံး၌) ဆုံးရှုံးနစ်နာသူများ ဖြစ်ကြ၏။