Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 70 — Surah At-Tawbah 9:70

(မယုံကြည်သူနှင့်သီလကြောင်တို့) သူတို့မတိုင်မီ လွန်လေပြီးကြသော တမန်တော်နူဟ်၊ အာဒ်နှင့်ဆမူဒ် လူမျိုးများ၊ တမန်တော်အီဗ်ရာဟီမ်၏လူမျိုးများ၊ မဒ်ယန်မြို့သူမြို့သားများ၊ မြေလှန်ပျက်သုဉ်းခြင်းခံရသောမြို့ ရွာများ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာများနှင့်အမှန်တရားသစ္စာဖြစ်သော ရှင်းလင်းချက်များနှင့်အတူ ရစူလ်တမန်တော်များလည်း ထိုလွန်လေပြီးသော လူမျိုးများထံရောက်ခဲ့ကြသည့်အကြောင်း (စသည့် စံနမူနာယူဖွယ်ကောင်းသည့် သမိုင်းဝင်အဖြစ်အပျက်များနှင့်ဆိုင်သော) သတင်းအချက်အလက်များ သူတို့ထံ မရောက်ခဲ့သလော။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မဟုတ်မတရား (ပျက်စီး ဆုံးရှုံးခံရအောင်) ပြုတော်မူသည် အလျှင်း မဟုတ်ပေ။ အမှန်မှာ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (စိတ်အလိုရမ္မက်နှင့်အညီ အသုံးချခြင်းဖြင့်) အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက် ကျူးလွန်၍ (သူတို့ကိုယ်သူတို့) မဟုတ်မတရား မမှန်မကန် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်၏။