Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 71 — Surah At-Tawbah 9:71

သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးတို့သည် အချင်းချင်း အချို့သည် အချို့၏ (လူယုံတော် များ၊ ကူညီစောင်မသူများနှင့်) ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ သူတို့သည် တရားတော်နှင့်အညီ ဖြောင့်မတ်မှန်ကန်သော ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်း၍ အားပေးအားမြှောက်ပြုလျက် အမိန့်ပေး ညွှန်ကြားလေ့ရှိကြပြီး (စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ဖီဆန်ငြင်းပယ်မှုနှင့်) မကောင်းမှုအကု သိုလ်တို့မှ တားမြစ်ပိတ်ပင် ကြသည်။ ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြပြီး ဇကားသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံရေးကြေးကိုလည်း) ပေးဆောင်ကြ၏။ ထိုမျှမက အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အားလည်း တစ်သဝေမတိမ်း နာခံ လိုက်နာကြသည်။ ထိုသူတို့သည် စစ်မှန်သော ယုံ ကြည်သူများဖြစ်ကြ၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မုချ ကရုဏာပြုတော်မူမည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့) အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ စီရင်ဆုံးဖြတ်ရာ တွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။