Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 74 — Surah At-Tawbah 9:74

သူတို့သည် (အရှင်မြတ်၊ အရှင့်ဗျာဒိတ်တော်တို့နှင့်ဆန့်ကျင်၍ ကဲ့ရဲ့ပြစ်တင်စော်ကားရာရောက်သည့် မည် သည့်အပြောအဆိုကိုမျှ) မပြောဆိုကြကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုခဲ့ကြသော်လည်း အမှန်မှာ သူတို့သည် မယုံကြည်မှုနှင့်ဆိုင်သော (အရှင့်ဗျာဒိတ်တော်နှင့်ဆန့်ကျင်သည့်) မိစ္ဆာဝါဒစကားကို မုချ ပြောဆိုခဲ့ကြ၏။ ထို့ပြင် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ မွတ်စလင်ဖြစ်လာပြီဟု ပြောလျက်) အစ္စလာမ် အဖြစ်ခံယူပြီးနောက် မယုံကြည်ခြင်း (အမှန်တရားကို ဖီဆန်ငြင်းပယ်ခြင်း) ၌ နစ်မြုပ်ကြရုံသာမက သူတို့မစွမ်းဆောင် မအောင်မြင်နိုင်သောအရာများကိုလည်း ကြံစည်ရည်ရွယ်၍ ကြိုးပမ်းအားထုတ်ကြသည်။ (မြေပေါ်မြေ အောက် သယံဇာတ၊ စွမ်းရည်၊ စွမ်းအင်စသော) အရှင်မြတ်၏ကျေးဇူးတော်များအနက်မှ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်တို့က သူတို့အား ကြွယ်ဝချမ်းသာ ကုံလုံပြည့်စုံစေခြင်း (ကို အခွင့်ကောင်းယူခြင်း) မှအပ သူတို့သည် (အစ္စလာမ်၊ တမန်တော်မြတ်တို့နှင့်ဆန့်ကျင်၍ မကျေမချမ်း တုံ့ပြန်လက်စားချေရန်) မလိုမုန်းထား မှုရှိစရာ အခြားမည်သည့် အကြောင်းပြချက်မျှ မရှိပေ။ အကယ်၍ သူတို့သည် နောင်တကြီးစွာရလျက် (အမှန်တရားသစ္စာဘက်သို့) လှည့်ပြန်ကြလျှင် သူတို့အတွက် အကောင်းဆုံး ဖြစ်မည်။ သို့သော် အကယ်၍ သူတို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍) ရှောင်ပြေးကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီလော ကုတ္တရာနှစ်ဌာနစလုံး၌ ပြင်းပြစူးနစ်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူလိမ့်မည်။ ထို့ပြင် သူတို့အတွက် ကမ္ဘာဂြိုဟ်၌ (ထိုပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရ၍) ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူဟူ၍လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။