Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 79 — Surah At-Tawbah 9:79

ထိုသူတို့သည် (အယောင်ဆောင်သီလကြောင်) ယုံကြည်သူများအနက်မှ ပေးကမ်းစွန့်လှူရသော အလှူဒါနများ၌ စိတ်အားထက်သန်စွာနှင့်သဒ္ဓါကြည်ဖြူစွာ ပေးကမ်းလှူဒါန်းသူများကို ကဲ့ရဲ့ပြစ်တင်ဝေဖန်နေကြပြီး ပေးကမ်းလှူဒါန်းစရာ ရှာမတွေ့သဖြင့် အားသွန်ခွန်စိုက် ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစား၍ ရှာဖွေရရှိသော ချွေးနှဲစာကိုသာ ပေးကမ်းလှူဒါန်းသောကြောင့် ထိုလှူဒါန်းမှုများနှင့် ပတ်သက်၍လည်း ကဲ့ရဲ့လှောင်ပြောင်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ထိုကဲ့ရဲ့ လှောင်ပြောင်မှုကို သူတို့ဘက်သို့ပင် ပြန်ကန်၍ ထိမှန်စေတော်မူပြီး သူတို့အတွက် ပြင်းပြစူးနစ်သော နာကျင်ဖွယ်ရာ ပြစ်ဒဏ်လည်း ရှိနေ၏။