Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 80 — Surah At-Tawbah 9:80
(အို၊ ရစူလ်တမန်တော် အသင်သည်) သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပန်ကြားသည်ဖြစ်စေ၊ သို့မဟုတ် သူတို့အား လွတ်ငြိမ်းခွင့်ပေးတော်မမူရန် ပန်ကြားသည်ဖြစ်စေ (အကြောင်းမထူးပေ။)၊ အကယ်၍ အသင်သည် သူတို့၏လွတ်ငြိမ်းချမ်းသာခွင့်အတွက် အကြိမ်ပေါင်းခုနှစ်ဆယ် ပန်ကြားတောင်းခံလျှင်ပင် (အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အလျှင်းလွတ်ငြိမ်းခွင့်ပေးသနားတော်မူမည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် သူတို့က အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့် ဖြစ်၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်ပညတ်များကို အာခံဖီဆန်သော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော် မမူချေ။)