Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 81 — Surah At-Tawbah 9:81

သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် အလ္လာဟ်အရှင် မြတ်၏လမ်းစဉ်တော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားခြင်းကို မနှစ်သက်မလိုလားသောကြောင့် အလ္လာဟ်အရှင် မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား ဆန့်ကျင်ဖီဆန်၍ “ပူပင်သောရာသီ၌ စစ်မထွက်နိုင်ပါ။” ဆင်ခြေပေးပြော ဆိုကြလျက် (တဗူးဒ်စစ်ဆင်ရေးတွင် ပါဝင်ခြင်းမရှိဘဲ) နောက်၌ ကျန်ရစ်ခဲ့ကြကာ သူတို့နေထိုင်ရာ နေအိမ်များတွင် ငုတ်တုတ်ထိုင်နေခြင်းဖြင့် ဝမ်းမြောက်ပျော်ရွှင်နေကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ သူတို့သည် အမှန်တရားကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိကြလျှင် ငရဲဘုံ၏မီးမှာ အပူပြင်းဆုံးဖြစ်ကြောင်း သိနားလည် လိမ့်မည်။” ဟု ဟောကြားလော့။