Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 83 — Surah At-Tawbah 9:83

တစ်ဖန် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင် (တမန်တော်) အား (တဗူးဒ်စစ်ဆင်ရေးမှ) ပြန် လည်ရောက်ရှိစေတော်မူစဉ် သူတို့အနက်မှ အုပ်စုတစ်ခုသည် အသင့်ထံရောက်လာ၍ (နောက်နောင် စစ်ဆင်ရေး ဆင်နွဲသည့်အခါ သူတို့လည်း စစ်ချီထွက်ရာတွင် ပါဝင်ခွင့်ရရှိရန် အသင့်ထံ ခွင့်ပန်ကြလျှင် (သူတို့အား) “သင်တို့သည် ကျွန်ုပ်နှင့်အတူ မည်သည့်အခါမျှ စစ်ချီထွက်စရာ အကြောင်းမရှိပေ၊ မည်သည့်ရန်သူကိုမျှ ကျွန်ုပ်နှင့်အတူ တိုက်ခိုက်စရာအကြောင်းမရှိပေ။” ဧကန်ပင်၊ သင်တို့သည် ပထမအကြိမ်၌ ငုတ်တုတ်ထိုင်နေခြင်းကိုသာ နှစ်သက် ၍ တင်းတိမ်ရောင့်ရဲကြ၏။ သို့ဖြစ်ရာ (ယခုလည်း) စစ်ပွဲ၌ မပါဝင်ဘဲ) ကျန်ရစ်နေခဲ့ကြသူတို့နှင့်အတူ ငုတ်တုတ် ထိုင်နေကြလော့။” ဟု ဟောကြားလော့။