Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 85 — Surah At-Tawbah 9:85
သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်သားသမီးအခြွေအရံများက အသင် (တမန်တော်) အား သဘောကျ အထင် ကြီး စွဲမှတ်စရာမဖြစ်စေနှင့်။ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အလိုရမက်အတွက် သာ အသုံးချ၍ မယုံကြည် ဖီဆန်ငြင်းပယ်သူများဖြစ်ကြလျက် ဘဝကူးပြောင်း (ကွယ်လွန်) သွားကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ယင်း (ဥစ္စာဓနနှင့်သားသမီး) တို့အားဖြင့် ဤလောကီဘဝ၌ ဒဏ်ခတ်အရေးယူတော်မူရန်သာ ရည်ရွယ်တော်မူ၏။