Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 86 — Surah At-Tawbah 9:86
(ဧကန်ပင်၊ သူတို့သည် မယုံကြည်သူများဖြစ်ကြ၍ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက် စစ်ချီထွက်ခြင်းအား မလိုလားကြချေ။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ရန်နှင့် အရှင့်ရစူလ်တမန်တော်နှင့်အတူ (အရှင့်လမ်းစဉ်တော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြရန် (အမိန့်ညွှန်ကြားချက်များပါရှိသည့်) စူရာဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသည့်အခါတိုင်း သူတို့အနက်မှ ပြည့်စုံကြွယ်ဝသူတို့က (စစ်ပွဲတွင် ပါဝင်နိုင်စွမ်းရှိ ပါလျက် ဆင်ခြေပေးသည့်အနေဖြင့်) “ကျွန်ုပ်တို့အား (စစ်ပွဲတွင်မပါဝင်ဘဲ) ငုတ်တုတ်ထိုင်နေကြသူတို့နှင့်အတူ နေရစ်ခွင့်ပေးပါ” ဟု လျှောက်တင်လျက် အသင် (တမန်တော်) ထံ ကင်းလွတ်ခွင့်တောင်းခံကြ၏။