Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 88 — Surah At-Tawbah 9:88
သို့ရာတွင် ရစူလ်တမန်တော်သည်လည်းကောင်း၊ (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျက်) တမန်တော် နှင့်အတူရှိနေကြသော ယုံကြည်သူတို့သည်လည်းကောင်း၊ သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများဖြင့် (အရှင့်လမ်းစဉ်တော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြ၏။ ထိုသူတို့သည် သူတို့ အတွက် ကောင်းမြတ်မှုများကို ဆောင်ကျဉ်းသူများဖြစ်ကြ၏။ ထိုသူတို့သည်ပင် ပေါက်မြောက်အောင်မြင်သူများ ဖြစ်ကြသည်။