Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 90 — Surah At-Tawbah 9:90
သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (စစ်ပွဲတွင်မပါဝင်ရန် သူတို့၏အခက်အခဲကို တင်ပြ၍) ကင်းလွတ်ခွင့်တောင်းခံလျက် (ရိုးသားစွာ) ဆင်ခြေပေးကြသူများနှင့်အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ အရှင့်ရစူလ်တမန်တော်နှင့်စပ်လျဉ်း၍လည်းကောင်း၊ မဟုတ်မမှန် လိမ်လည်စွပ်စွဲ ၍ မုသားပြောကြလျက် (စစ်ပွဲတွင် မပါဝင်ဘဲ) ကျန်ရစ်နေခဲ့ကြသူတို့သည် အသင် (တမန်တော်) ထံ (စစ်ချီ ကင်းလွတ်ခွင့်တောင်းခံရန်) ရောက်လာခဲ့ကြ၏။ သူတို့အနက်မှ မယုံကြည်ဖီဆန်ငြင်းပယ်သူတို့ကို မကြာမီပင် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ပေး၍ အရေးယူလိမ့်မည်။