Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 91 — Surah At-Tawbah 9:91
အားနွဲ့သူများနှင့်မသန်စွမ်းသူများ၊ နာမကျန်းသူများနှင့် (စစ်သုံးစရိတ်) မတတ်စွမ်း၊ မရှာမဖွေနိုင်၍ (စစ်ချီ ခရီးစဉ်၌ အစားအသောက်နှင့်အခြားလိုအပ်ချက်များအတွက်) မသုံးစွဲ (မပေးကမ်း) နိုင်သူများသည် အကယ်၍ (သူတို့တတ်စွမ်းနိုင်လျှင်) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော် (တို့၏အမိန့်ညွှန်ကြားချက်နှင့်အညီ ကျင့်သုံးရန်) အတွက် စိတ်ရင်းစေတနာဖြူစင်ကြလျှင် (သူတို့စစ်ရေး၌ မပါဝင်နိုင်ခြင်းနှင့်စပ်လျဉ်း၍) ပြစ်တင်ဝေဖန်စရာ အကြောင်းမရှိပေ။ မုဟ်စဲန် (ခေါ် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို သိနားလည်၍ အကြောင်းကိစ္စရပ်တိုင်းအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံသူ) တို့အပေါ်၌လည်း မည်သည့်နည်းနှင့်မျှ ပြစ်တင်ဝေဖန်စရာအကြောင်း မရှိပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏ စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးအပ်တော်မူပြီး ထိုစည်းမျဉ်းတော်များကို မတော်တဆ ချိုးဖောက်ကျူးလွန်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။