Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 92 — Surah At-Tawbah 9:92

(စစ်ချီထွက်ရာတွင် စီးနင်းလိုက်ပါလာရန်အလို့ငှာ) အသင် (တမန်တော်) ထံတွင် အစီအနင်းထောက်ပံ့ရန် အသနားခံပန်ကြားစဉ် အသင်က “သင်တို့အတွက် စီးနင်းလိုက်ပါစရာ အစီးအနင်းရှာမတွေ့ပါ။” ဟု ဖြေဆိုသောကြောင့် သူတို့၏မျက်စိများ၌ အစီးအနင်းနှင့်ခရီးစဉ်၍ ပေးကမ်းသုံးစွဲစရာ ရှာမတွေ့သည့်အတွက် ဝမ်းနည်းပူ ဆွေးမှုကို ထင်ရှားပေါ်လွင်စေသည့် မျက်ရည်များ စီးဖြာလျက် (ဝမ်းနည်းကြေကွဲစွာဖြင့်) အိမ်ပြန်ခဲ့ကြရသူ တို့အပေါ်တွင်လည်း အပြစ်မထိုက်ပေ။