Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 93 — Surah At-Tawbah 9:93

ပြည့်စုံကြွယ်သူများဖြစ် (ပြီး စစ်ရေး၌ ပါဝင်နိုင်ရန် အခွင့်အလန်းများရှိ) သော်လည်း အသင် (တမန်တော်) ထံ၌ (စစ်ချီမထွက်ရပါစေနှင့်ဟု) ကင်းလွတ်ခွင့်တောင်းခံကြသူတို့ကိုသာလျှင် ပြစ်တင်ဝေဖန်ဖွယ်ရာ နည်းလမ်း ရှိ၏။ သူတို့သည် (အိမ်ထဲ၌ နေထိုင်ကြရသူများကဲ့သို့) နောက်တွင် ကျန်ရစ်ကြသူတို့နှင့်အတူ ငုတ်တုတ်ထိုင်နေ ခြင်းအား သဘောကျနှစ်သက်ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများပေါ်တွင် (စစ်ရေး ပါကြောင်းကို နားလည်သိမြင်နိုင်စွမ်း မရှိစေရန်) တံဆိပ်ခတ်နှိပ်တော်မူခဲ့ရာ သူတို့သည် (ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးအတွက် စစ်ရေးမရှိမဖြစ် လိုအပ်ကြောင်းကို) သိမြင်နားလည်ခြင်း မရှိကြပေ။