Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 94 — Surah At-Tawbah 9:94
သူတို့သည် သင်တို့ (စစ်ဆင်ရေးခရီးစဉ်မှ) ပြန်လာကြလျှင် သင်တို့ထံ (စစ်ပွဲမပါဝင်နိုင်ခဲ့ကြောင်းဆိုင်ရာ အကြောင်းပြချက်အမျိုးမျိုး ကြံစည်ဖန်တီး၍) ဆင်ခြေများတင်ပြရန် ရောက်လာကြလိမ့်မည်။ (သူတို့အား) “ဆင်ခြေ (အကြောင်းပြချက်) များ မပေးကြလေနှင့်။ ကျွန်ုပ်တို့သည် သင်တို့ကို အလျှင်း ယုံကြည်ကြမည်မဟုတ်။ (အကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သင်တို့၏စိတ်နေသဘောထားနှင့်သက်ဆိုင်သည့် သတင်းအချက်အ လက်များကို ကျွန်ုပ်တို့ထံ သတင်းပေးသိစေတော်မူခဲ့၏။” (ဟု ပြောလော့။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အရှင့်ရစူလ်တမန်တော်တို့၏ပြုမူဆောင်ရွက်ချက်များကို မုချပင် စောင့်ကြည့်တော် မူလိမ့်မည်။ ထို့ နောက် သင်တို့အား “မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်နှင့်လူသားတို့၏ ပြုမူဆောင် ရွက်ချက်အလုံးစုံအတွက် မျက်မြင် သက်သေဖြစ်တော်မူသောအရှင်မြတ်၏ထံတော်သို့ ပြန်လည်ရောက် ရှိစေ တော်မူပြီး သင်တို့လောကီဘဝ၌ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို (သင်တို့အား) ထုတ်ဖော်မိန့်ကြားတော်မူ၍ သိစေတော်မူလိမ့်မည်။” ဟု ဟောကြားလော့။