Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 95 — Surah At-Tawbah 9:95

အသင်တို့ (တမန်တော်မြတ်၊ သာဝကကြီးများနှင့်မွတ်စလင်စစ်တပ်) သည် (တဗူးခ်စစ်ဆင်ရေးခရီးစဉ်မှ) သူတို့ (အယောင်ဆောင်သီလကြောင်များ) ထံသို့ ပြန်လာကြသောအခါ သူတို့အား (တာဝန်ပျက် ကွက်ခြင်းအတွက် အရေးမယူ၊ ဗွေမယူဘဲ ကင်းလွတ်ခွင့်ပေးလျက်) လျစ်လျူရှုထားရန် (ဆင်ခြေအမျိုးမျိုးဖြင့်) အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြလိမ့်မည်။ သူတို့အား မသိကျိုးကျွံပြုလျက် ဥပေက္ခာပြုထားကြလော့။ ဧကန်ပင်၊ သူတို့သည် ရွံစရာကောင်းသော ညစ်ညမ်းသူများပင် ဖြစ်ကြ၏။ ထို့ပြင် သူတို့၏ပန်းတိုင်နှင့်နောက် ဆုံးခိုလှုံရာ စခန်းမှာလည်း သူတို့ပြုမူကျင့်ကြံ၍ ရှာဖွေဆည်းပူးခဲ့သမျှ၏အကျိုးဆက်အဖြစ် ငရဲဘုံသာ ဖြစ်လိမ့်မည်။