Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 97 — Surah At-Tawbah 9:97
သဲကန္တာရတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စု (၏သဘောသဘာဝမှာ မြို့နေလူထက်ပို၍ ခေါင်းမာသည့် အသွင်ဆောင်သဖြင့် သူတို့) သည် မယုံကြည်သွေဖည်ငြင်းဆန်မှုနှင့်သီလကြောင်မှုတို့တွင် ပိုမို၍ အားသန်နေကြပြီး အလ္လာဟ်အရှင်မြတ်က အရှင့်ရစူလ်တမန်တော်အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် စည်းမျဉ်း ဥပဒေဘောင်များကို မသိနားမလည်စရာ အကြောင်းပိုရှိ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ် (လူသားတို့၏ယဉ် ကျေးမှုဓလေ့ထုံးစံအလုံးစုံကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင်ဖြစ်တော်မူ၏။