Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 98 — Surah At-Tawbah 9:98
သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (အချို့သည်) သင်တို့၌ (ကံဆိုးမိုးမှောင် ကျစေသည့် အတိဒုက္ခ) အလှည့်ရောက်စေရန် ရည်စူးမျှော်ကိုးလျက် (သင်တို့ကို ဆန့်ကျင်တိုက်ရာတွင် သုံးစွဲသည့် အသက်၊ စည်းစိမ်စသော) သုံးစွဲပေးကမ်းလှူဒါန်းသမျှကို (အရှင့်ထံ) ဒဏ်ဆောင်ခြင်းအဖြစ် မှတ်ယူကြ လေ၏။ သို့သော် ထိုကံဆိုးမိုးမှောင်ကျစေသည့် အတိဒုက္ခ) အလှည့်သည် သူတို့အပေါ်၌သာ (ဆိုက်ရောက်မည်ကို သူတို့မသိကြချေ)။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏ဆုတောင်းပန်ကြားမှုအလုံးစုံကို) အကြွင်းမဲ့ ကြားနေသောအရှင်၊ အရာခပ်သိမ်းတို့၏သဘော သဘာဝကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။