Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 99 — Surah At-Tawbah 9:99

ထို့ပြင် သဲကန္တာရာတွင် လှည့်လည်နေထိုင်ကြသော မျိုးနွယ်စုများအနက်မှ (အချို့သည်) အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ဖြူစင်စွာ ယုံကြည်ကြပြီး (အလှူဒါန၊ ဆင်းရဲသားများအတွက် လူမှုဖူလှုံကြေး၊ စစ်ရေးအသုံးစရိတ်စသော အရှင့်လမ်းစဉ်၌ စွန့်လှူ) ပေးကမ်းသုံးစွဲသမျှကို အလ္လာဟ်အရှင်မြတ်ထံတော်၌ အရှင့်နီးစပ် မှုနှင့်ရစူလ်တမန်တော်၏ဆုတောင်းမေတ္တာတို့ကို ရယူနိုင်သော အခွင့်အလန်းအဖြစ် မှတ်ယူကြသည်။ နှလုံးသွင်း ကြလော့။ ဧကန်ပင်၊ ထို (အရှင့်လမ်းစဉ်၌မျှဝေသုံးစွဲသော) အရာများသည် သူတို့အတွက် အရှင့်နီးစပ်မှုရ ယူနိုင်သော နည်းလမ်းပင်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် သူတို့အား မကြာမီ အရှင့်ကရုဏာတော်ထဲ၌ ဝင်ခွင့်ပေးတော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေ အောင်) စည်းမျဉ်းဥပဒေများကို ချမှတ်ပေးအပ်တော်မူ၍ ယင်းတို့ကို မတော်တဆချိုးဖောက်မိသူတို့ကိုလည်း) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။