Back to Languages

Burmese - Chapter 100 - Al-Adiyat

Translation by Ba Sein — Permalink

Verse 1 — Surah Al-Adiyat 100:1

၁။ အသက်ရှုပြင်းသောစစ်မြင်းများ။

Verse 2 — Surah Al-Adiyat 100:2

၂။ မီးပွင့်စေသောမြင်းများဖြစ်၏။

Verse 3 — Surah Al-Adiyat 100:3

၃။ နံနက်အာရုဏ်တက်တွင် ထိုးဝင်တိုက်ခိုက်သောမြင်းများ။

Verse 4 — Surah Al-Adiyat 100:4

၄။ လျင်မြန်သောအဟုန်ဖြင့် မြူဖုံထောင်းထောင်းထအောင်ပြေးလွှားသောမြင်းများ။

Verse 5 — Surah Al-Adiyat 100:5

၅။ ဤမြင်းများသည် ရန်သူတို့၏ အလယ်တွင်းသို့ တစ်လုံးတစ်စည်းတည်း ထုတ်ဖောက်ဝင်ရောက်သောမြင်းများ၊ ဤမြင်းများကို ငါသက်သေထူတော်မူ၏။

Verse 6 — Surah Al-Adiyat 100:6

၆။ မှတ်သားကြလော့၊ လူသားသည် မိမိအရှင်သခင်အား ကျေးစွပ်၏။

Verse 7 — Surah Al-Adiyat 100:7

၇။ မှတ်သားကြလော့၊ သူသည် ထိုအချက်ကို သက်သေခံ၏။

Verse 8 — Surah Al-Adiyat 100:8

၈။ မှတ်သားကြလော့၊ သူသည် ဥစ္စာပစ္စည်းမက်မောခြင်း၌ ကြီးစွာပြင်းထန်၏။

Verse 9 — Surah Al-Adiyat 100:9

၉၊၁၀၊၁၁။ သချႋုင်းများအတွင်းရှိ လူသေတို့ကို ရှင်ထွက်လာစေတော်မူသောနေ့တော်ကြီး၊ လူသားတို့၏ စိတ်နှလုံးတွင် လျှို့ဝှက်ဖုံးအုပ်ထားသည့် အရာများကို ထင်ရှားစေတော်မူသောနေ့တော်ကြီး၊ ထိုနေ့တော်ကြီး၌ သူတို့၏ အရှင် သခင်သည် သူတို့ အဖြစ်သနစ်အလုံးစုံကို အကြွင်းမဲ့သိတော်မူသည်ကို လူသားမစဉ်းစားမဆင်ခြင်သလော။

Verse 10 — Surah Al-Adiyat 100:10

၉၊၁၀၊၁၁။ သချႋုင်းများအတွင်းရှိ လူသေတို့ကို ရှင်ထွက်လာစေတော်မူသောနေ့တော်ကြီး၊ လူသားတို့၏ စိတ်နှလုံးတွင် လျှို့ဝှက်ဖုံးအုပ်ထားသည့် အရာများကို ထင်ရှားစေတော်မူသောနေ့တော်ကြီး၊ ထိုနေ့တော်ကြီး၌ သူတို့၏ အရှင် သခင်သည် သူတို့ အဖြစ်သနစ်အလုံးစုံကို အကြွင်းမဲ့သိတော်မူသည်ကို လူသားမစဉ်းစားမဆင်ခြင်သလော။

Verse 11 — Surah Al-Adiyat 100:11