Back to Languages

Burmese - Chapter 101 - Al-Qariah

Translation by Ba Sein — Permalink

Verse 1 — Surah Al-Qariah 101:1

၁။ ကပ်ကြီးဆိုက်ခြင်းသည် မည်သည့်အရာနည်း။

Verse 2 — Surah Al-Qariah 101:2

၂။ ဤကပ်ကြီးဆိုက်ခြင်းသည် မည်သည့်အရာဖြစ်သနည်း။

Verse 3 — Surah Al-Qariah 101:3

၃။ ဤကပ်ကြီးဆိုက်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သင့်အား မည်သူရှင်းလင်းပြောပြမည်နည်း။

Verse 4 — Surah Al-Qariah 101:4

၄။ ဤနေ့တော်ကြီး၌ လူသားတို့သည် အနှံ့အပြားထွက်ပေါ်လာသော ပလူကောင်များကဲ့သို့ ဖြစ်ကြလတံ့။

Verse 5 — Surah Al-Qariah 101:5

၅။ ဤနေ့တော်ကြီး၌ တောတောင်ဟူသမျှတို့သည် ဖန်၍ထားသောဝါဂွမ်းဆိုင်ကဲ့သို့ ဖြစ်ကြလတံ့။

Verse 6 — Surah Al-Qariah 101:6

၆၊၇။ ဤနေ့တော်ကြီး၌ အကြင်သူ၏ ချိန်ခွင်လျှာသည် ကုသိုလ်ကောင်းမှုဘက်က လေးလတံ့၊ ထိုသူသည် ဝမ်းမြောက် ဝမ်းသာပျော်ရွှင်စွာနှင့် အသက်ရှင်နေရလတံ့။

Verse 7 — Surah Al-Qariah 101:7

၆၊၇။ ဤနေ့တော်ကြီး၌ အကြင်သူ၏ ချိန်ခွင်လျှာသည် ကုသိုလ်ကောင်းမှုဘက်က လေးလတံ့၊ ထိုသူသည် ဝမ်းမြောက် ဝမ်းသာပျော်ရွှင်စွာနှင့် အသက်ရှင်နေရလတံ့။

Verse 8 — Surah Al-Qariah 101:8

၈၊၉။ အကြင်သူ၏ ချိန်ခွင်လျှာသည် ကုသိုလ်ကောင်းမှုဘက်က ပေါ့လတံ့၊ ဆိုးပါးငတ်မွတ်သူသည် ထိုသူ၏ မိခင် ဖြစ်လတံ့။

Verse 9 — Surah Al-Qariah 101:9

၈၊၉။ အကြင်သူ၏ ချိန်ခွင်လျှာသည် ကုသိုလ်ကောင်းမှုဘက်က ပေါ့လတံ့၊ ဆိုးပါးငတ်မွတ်သူသည် ထိုသူ၏ မိခင် ဖြစ်လတံ့။

Verse 10 — Surah Al-Qariah 101:10

၁၀။ သူမသည် မည်သည့်အရာဖြစ်သည်ကို သင့်အား အဘယ်သူရှင်းလင်းပြောပြမည်နည်း။

Verse 11 — Surah Al-Qariah 101:11

၁၁။ ပြင်းထန်စွာတောက်လောင်နေသောမီး။